Yangoods 10 အိတ်ဟာ ၁၀ နှစ်ပြည့် အထိမ်းအမှတ်တစ်ခုသာမက Brand ကို ပုံဖော်တည်ဆောက်ခဲ့ကြတဲ့ ခရီးလမ်း၊ အတူလက်တွဲခဲ့သူတွေ၊ စိတ်ကူးတွေနဲ့ အမှတ်တရအခိုက်အတန့်တွေကို ဂုဏ်ပြုထားတဲ့ Special Edition ဖြစ်ပါတယ်။
အိတ်ရဲ့အရှေ့ဘက်မှာ Yangoods Logomark ကို ဖောင်းကြွပုံစံနဲ့ ဖန်တီးထားပြီး၊ အိတ်ကြိုးပေါ်မှာတော့ Yangoods ရဲ့ ၁၀ နှစ်တာ ခရီးလမ်းကို အတူတကွ ဖန်တီးခဲ့ကြတဲ့ Team Members တွေ ကိုယ်တိုင် လက်ရေးနဲ့ ရေးထားတဲ့ “10” ဂဏန်းလေးတွေကို ထည့်သွင်းထားပါတယ်။